Personal Accident Insurance Product Informaion
ကိုယ်အင်္ဂါထိခိုက်မှုအာမခံ
ရည်ရွယ်ချက်
- မည်သူမဆို မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်း၊
- မစွမ်းမသန်ဖြစ်ခြင်း၊
- ကိုယ်အင်္ဂါထိခိုက်ဒဏ်ရာရခြင်းစသည်များဖြစ်ပွားသည့်အခါငွေကြေးအထောက်အပံ့ရရှိစေရန်
အာမခံထားနိုင်ခွင့်ရှိသူ
- အသက် ၁၆ နှစ်မှ ၆၅ နှစ်ထိ ကျန်းမာရေးကောင်းမွန်သူတိုင်း အာမခံ ထားရှိနိုင်ပါသည်။
- အရွယ်မရောက်သေးသူအတွက် မိဘ(သို့) အုပ်ထိန်းသူက ထားရှိပေးနိုင်သည်။
အကျိုးခံစားခွင့်ရှိသူ
- သေဆုံးမှုအတွက် အကျိုးခံစားခွင့်လွှဲပြောင်းခြင်းခံရသူ (အာမခံထားသူက ရွေးချယ်သူ)
- ထိခိုက်ဒဏ်ရာရရှိမှုအတွက် အာမခံထားသူကိုယ်တိုင်
အာမခံအကာအကွယ်
မတော်တဆထိခိုက်မှုကြောင့်-
- သေဆုံးခြင်း
- မစွမ်းမသန်ဖြစ်ခြင်း
- ကိုယ်အင်္ဂါထိခိုက်ဒဏ်ရာရခြင်း
- ခြေလက်အင်္ဂါဆုံးရှုံးခြင်း
- ဆေးရုံတက်ရခြင်း
- အလုပ်မလုပ်နိုင်ခြင်း
အာမခံသက်တမ်း
ပရီမီယံစတင်ပေးသွင်းသည့်နေ့မှစ၍ ၃လ၊ ၆လ၊ ၁နှစ်
အာမခံထားငွေ
အနည်းဆုံးကျပ် ၅သိန်းမှ အများဆုံးကျပ်သိန်း ၂၀ဝ အထိ (သို့) အမေရိကန်ဒေါ်လာ ၁çဝ၀ဝ မှ ၂၀ဝçဝ၀ဝ အထိ ထားရှိနိုင်သည်။
ပရီမီယံ
အောက်ပါတိုင်း ကျသင့်ပရီမီယံကို တစ်ကြိမ်တည်းပေးသွင်းရပါမည်- - အာမခံသက်တမ်း ၁နှစ် (အသက် ၁၆နှစ်မှ ၆၅နှစ်အထိ) အာမခံထားငွေ၏ ၁.၇%
အာမခံသက်တမ်း ၃လ၊ ၆လ အတွက် ၁နှစ်သက်တမ်း၏ အချိုးကျပရီမီယံ
တပ်မတော်၊ ပြည်သူ့ရဲ၊ လေယာဉ်ဝန်ထမ်း၊ လျှပ်စစ်ဝန်ထမ်းစသော အန္တရာယ်များသည့် အလုပ်အကိုင် အတွက် အပိုပရီမီယံ ၁% ပေးဆောင်ရမည်။
အကျိုးခံစားခွင့်များ
- အကျိုးခံစားခွင့်ရာခိုင်နှုန်း သတ်မှတ်ချက်အတိုင်း ပေးလျော်မည်။
- အာမခံထားသူတစ်ဦးသို့ အများဆုံးပေးလျော်ရမည့် အကျိုးခံစားခွင့်သည် အာမခံထားငွေဖြစ်သည်။