Fire Insurance Product Information
မီးအာမခံ
ရည်ရွယ်ချက်
မီးလောင်ဆုံးရှုံးမှုအတွက် ပြန်လည်ထူထောင်ရာတွင် ငွေကြေးအထောက်အကူရရှိစေရန်ဖြစ်ပါသည်။
မီးအာမခံထားနိုင်သည့်အရာ
- အဆောက်အဦး
- ပရိဘောဂ
- စက်ပစ္စည်း (အီလက်ထရောနစ်ပစ္စည်းအပါအဝင်)
- ကုန်ပစ္စည်းများကိုထားရှိနိုင်ပါသည်။
အာမခံထားငွေ
အဆောက်အဦးများမီးအာမခံထားရှိရာတွင်အဆောက်အဦးအတန်းအစားနှင့်အဆောက်အဦးသက်တမ်းအရကြမ်းခင်းဧရိယာ၁ယူနစ်ခန့်မှန်းတန်ဘိုး (PAE) ၏ကန့်သတ်ချက်ဘောင်ဝင်မှုရှိပြီး ကာလပေါက်ဈေးထက်မပိုသောတန်ဘိုးဖြင့်ထားရှိနိုင်ပါသည်။ ပရိဘောဂ၊စက်ပစ္စည်း၊ အီလက်ထရောနစ်ပစ္စည်းနှင့်ကုန်ပစ္စည်းများကာလပေါက်ဈေး ဖြင့်ထားရှိနိုင်ပါသည်။
အာမခံသက်တမ်း
၁၀ ရက်မှ ၁ နှစ်အထိထားရှိနိုင်ပါသည်။
ပရီမီယံ
အဆောက်အဦးအတန်းအစားနှင့်အဆောက်အဦးအသုံးပြုပုံကို အခြေခံ၍ပရီမီယံနှုန်း(%) သတ်မှတ်ဇယားရှိပါသည်။ နှုန်းပိုမြင့်သောအဆောက်အဦးများပတ်ဝန်းကျင် ပေ(၂၅-၅၀)တွင်ရှိပါကအမြင့်ဆုံးနှုန်းဖြင့်ပျမ်းမျှတွက်ချက်ပါသည်။
မီးအာမခံအကာအကွယ်
- ကူးစက်မီး
- ပေါ့ဆမီး
- ဝါယာရှော့
- အိမ်သုံးဓါတ်ငွေ့အိုးပေါက်ကွဲမီးနှင့်
- မိုးကြိုးပစ်ခံရခြင်းများအတွက်အာမခံအကာအကွယ်အကျုံးဝင်ပါသည်။
အကျုံးမဝင်အချက်များ
- တောမီးများလောင်ကျွမ်းခြင်းမှ ပေါ်ပေါက်သောဆုံးရှုံးပျက်စီးမှု
- မြေငလျင်လှုပ်ခြင်း၊ လေပြင်းမုန်တိုင်းအမျိုးမျိုးနှင့်သဘာဝဘေးအန္တရာယ်များ
- ပြည်တွင်းစစ်၊လူထုအုံကြွခြင်း၊ ဆူပူသောင်းကျန်းခြင်း၊ အဓိကရုဏ်းဖြစ်ခြင်း
- ပေါက်ကွဲခြင်းကြောင့်ဖြစ်ပေါ်သောဆုံးရှုံးပျက်စီးမှု
- ပစ္စည်း၏သဘာဝအရအလိုအလျောက်မီးတောက်လောင်ခြင်း
- မီးလောင်ပြီးနောက်ခိုးယူပျောက်ဆုံးခြင်း
မီးအာမခံနှင့်တွဲဖက်ရယူနိုင်သော အပိုအကာအကွယ်နှင့် နှုန်းများ
အပိုပရီမီယံနှုန်း
သပိတ်၊အဓိကရုဏ်းနှင့်မသမာဖျက်စီးမှု ဝ.၀၆%
လေယာဉ်ဖြင့်ထိခိုက်ပျက်စီးခြင်း ဝ.၁၀%
ကုန်းလမ်းသွားယာဉ်ဖြင့်ထိခိုက်ပျက်စီးခြင်း ဝ.၁၀%
မြေကျွံ၊ မြေပြိုခြင်း ဝ.၁၀%
လေမုန်တိုင်းအမျိုးမျိုး ဝ.၂၀%
ရေကြီးခြင်း၊ ရေလျှံခြင်း ဝ.၁၀%
မြေငလျင်မီးနှင့်ပြိုအက်ပျက်စီးခြင်း ဝ.၁၀%
ပေါက်ကွဲပျက်စီးခြင်း ဝ.၁၀%
အလိုအလျောက်တောက်လောင်ခြင်း ဝ.၀၈%
ဖောက်ထွင်းမှု ဝ.၂၅% မှ ၁.၀၀%
စစ်ဘေးအန္တရာယ် ဝ.၁၀%
လျော်ကြေးမဲ့ဆုကြေး (No Claim Bonus)
အာမခံသက်တမ်း (၁) နှစ်အတွင်း လျော်ကြေးတောင်းခံမှု မရှိခဲ့ပါက ဆက်ထားသော (၁) နှစ် ပရီမီယံပေးသွင်းရာတွင် လျော်ကြေးမဲ့ဆုအနေဖြင့် ၂၅% လျှော့ပေါ့ပါသည်။ အာမခံသက်တမ်း ကုန်ဆုံးသည့်နေ့မှ ရက် ၃၀ အတွင်း သက်တမ်းတိုးပရီမီယံပေးသွင်းမှသာဤဆုကြေးအကျုံးဝင်ပါသည်။
လျော်ကြေးတောင်းခံခြင်း
မီး သို့မဟုတ် မိမိရယူထားသည့် အပိုအန္တရာယ်ဆိုင်ရာ ဆုံးရှုံးမှုတစ်စုံတစ်ရာ ပေါ်ပေါက်လျှင် ဤကုမ္ပဏီ၏ စစ်ဆေးရေးအဖွဲ့က အမြန်ဆုံးလာရောက် မျက်မြင်စစ်ဆေးမှတ်တမ်းတင်ခြင်း လိုအပ်သလို ဓါတ်ပုံ^ဗီဒီယိုမှတ်တမ်းများရယူခြင်းတို့ကို ပြုလုပ်နိုင်ပါရန် အမြန်ဆုံးအကြောင်းကြားရပါမည်။ ကနဦး ဖုန်းသတင်းပေးပို့ပြီး ဆက်လက်၍ ဖက်စ်^စာဖြင့်လည်း အကြောင်းကြားရပါမည်။