Comprehensive Motor Insurance Product Information
မော်တော်ယာဉ်အာမခံ
ရည်ရွယ်ချက်
မော်တော်ယာဉ်အာမခံလုပ်ငန်းသည်မော်တော်ယာဉ်ထိခိုက်မှုကြောင့်ဖြစ်စေ၊မော်တော်ယာဉ် အသုံးပြုမှုနှင့် ဆက်စပ် ပတ်သက်၍ဖြစ်စေ ဖြစ်ပေါ်တတ်သည့် လူမှုရေး၊ စီးပွားရေး၊ နစ်နာဆုံးရှုံးမှုများကို ငွေကြေးအထောက်အပံ့ပေးသည့် အာမခံအမျိုးအစား ဖြစ်ပါသည်။
အလုံးစုံမော်တော်ယာဉ်ထားရှိနိုင်သောယာဉ်အမျိုးအစားများ
- ကိုယ်ပိုင်ယာဉ်
- အဌားယာဉ်
- လုပ်ငန်းသုံးယာဉ်အမျိုးမျိုး (မော်တော်ယာဉ်၊ စက်ယန္တရား)ထားရှိနိုင်ပါသည်။ တစ်ခုချင်း(သို့) အုပ်စုအလိုက် (Fleet) အနေဖြင့်ထားရှိနိုင်သည်။
အာမခံသက်တမ်း
- ၃ လ မှ (၁)နှစ် အထိ သက်တမ်းတိုထားရှိလျှင်သက်တမ်းတိုနှုန်း(Short Period Rate)ဖြင့်တွက်ချက်ပါသည်။
- ၃ လ အထိ တစ်နှစ် ပရီမီယံ၏ ၃၅ %
- ၃ လ မှ ၆ လအထိ တစ်နှစ် ပရီမီယံ၏ ၆၀ %
- ၆ လ မှ ၉ လအထိ တစ်နှစ် ပရီမီယံ၏ ၈၅ %
သာမန်အကာအကွယ်အနေဖြင့်
- ယာဉ်တိုက်ခြင်း
- တိမ်းမှောက်ခြင်း
- မီးလောင်ခြင်း၊ ပေါက်ကွဲမှုဖြစ်ခြင်း
- ယာဉ်ပေါ်သို့တစ်စုံတစ်ရာပြုတ်ကျခြင်း
- မသမာဖျက်ဆီးခံရခြင်း
- ရေလမ်း/ကုန်းလမ်းဖြင့်သယ်ယူပို့ဆောင်စဉ်ကာလတွင်းပျက်စီးခြင်း
- သပိတ်အဓိကရုဏ်းပြည်တွင်းဆူပူမှုကြောင့် ပျက်စီးခြင်း (၇၂ နာရီအတွင်း)
- ယာဉ်ကြောင့်သူတစ်ပါးသေဆုံးခြင်း၊ထိခိုက်ဒဏ်ရာရခြင်း၊ပစ္စည်းပျက်စီးဆုံးရှုံးခြင်းတို့ဖြစ်ပါသည်။
အကျုံးမဝင်သောအချက်များ
- သတ်မှတ်လိုင်စင်ဖြင့် မောင်းနှင်ခြင်းမရှိသော ယာဉ်တိုက်မှုများ
- မြန်မာနိုင်ငံပြင်ပနယ်နမိတ်တွင်ဖြစ်ပွားသောယာဉ်တိုက်မှုများ
- သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများ
- စစ် သို့မဟုတ် စစ်အသွင်ကြောင့် ပျက်စီးဆုံးရှုံးမှုများ
- အာမခံထားသူနှင့်အခြားသူတစ်ဦးချုပ်ဆိုထားသည့် သဘောတူညီမှုကြောင့်ဖြစ်ပေါ်သော ပေးလျော်ရန်တာဝန်များ အကျိုးဆက်ဆုံးရှုံးမှုများ
- အဆိုလွှာတွင် ဖော်ပြထားသည့်ကိစ္စမှလွဲ၍ အခြားအသုံးပြုခြင်းမျိုးကြောင့်ဖြစ်ပေါ်သောဆုံးရှုံးမှုများ
တွဲဖက်ထားနိုင်သော အပိုအကာအကွယ်များ
၁. စစ်နှင့်စစ်အသွင်အန္တရာယ် ဝ.ဝ၅%
၂. သဘာဝဘေးအန္တရာယ် ဝ.ဝ၅%
၃. ခိုးမှုအန္တရာယ် ၁၅.ဝဝ%
၄. နှုတ်ဖြတ်ငွေကင်းလွတ်ရန် (ကိုယ်ပိုင်ယာဉ်) ကျပ် ၂çဝဝဝ (လုပ်ငန်းသုံးယာဉ်) ကျပ် ၄çဝဝဝ
အာမခံထားငွေ
၅. ကာလပေါက်ဈေး (Market Value)
၆. Invoice Value
ပရီမီယံနှုန်းသတ်မှတ်ရန်အခြေခံအချက်များ
ကိုယ်ပိုင်ယာဉ်၊အဌားယာဉ်၊လူစီးဦးရေ၊ကုန်တင်တန်ချိန်အရ သတ်မှတ်ထားသည့် အောက်ပါပရီမီယံနှုန်းဇယားဖြင့်် ကောက်ခံပါသည်-
- ကိုယ်ပိုင်ယာဉ် အနည်းဆုံး ဝ.၅၁% မှ အများဆုံး ဝ.၈၅ %
- အဌားယာဉ် အနည်းဆုံး ၁% မှ အများဆုံး ၁.၃၆ %
လျော်ကြေး
၇. လုံးဝဆုံးရှုံးမှု (Total Loss)
၈. တစ်စိတ်တစ်ဒေသဆုံးရှုံးမှု (Partial Loss)
လျော်ကြေးအနေဖြင့်
(၁) အောင်သစ္စာဦးနှင့်စာချုပ်ချုပ်ဆိုထားသော Car Workshop တွင်ပြုပြင်ပေးခြင်း
(၂) Workshop များနှင့်ဝေးကွာသောကိစ္စများတွင် ငွေသားစိစစ်ပေးချေခြင်းကို ဆောင်ရွက်ပေးပါသည်။
ထားရှိသင့်တန်ဖိုးထက်လျော့၍ထားပါက လျော်ကြေးတွင် အချိုးကျ ပေးလျော်ပါသည်
- ယာဉ်ဆွဲယူစရိတ် (မော်တော်ယာဉ်) ကျပ် (၁) သိန်း
- တရားရုံးစရိတ် (မော်တော်ယာဉ်) ကျပ် (၂) သိန်း
သူတစ်ပါးထိခိုက်နစ်နာမှုများအတွက် အကျိုးခံစားခွင့်
အာမခံထားသည့်ယာဉ်ကြောင့် လူသေဆုံးခြင်း တစ်ဦးအတွက် ကျပ် (၁၀)သိန်း ထိခိုက်ဒဏ်ရာရရှိခြင်း ဒဏ်ရာ အခြေအနေအရ ပေးသင့်အကျိုးခံစားခွင့်အတွက် သတ်မှတ်ချက်ရှိပါသည်။
ပစ္စည်းပျက်စီးဆုံးရှုံးမှုများ(ယာဉ်၊အဆောက်အဦ၊ဓါတ်တိုင်၊ပလက်ဖောင်း တုံးများ စသည်) အတွက်ပေးလျော်ခြင်း
လျော်ကြေးမဲ့ဆုကြေး (No Claim Bonus)
တောင်းခံငွေမရှိသက်တမ်း ကိုယ်ပိုင်ယာဉ် အငှားယာဉ်
၁ နှစ် ၂၅ % ၁၅ %
၂ နှစ် ၃၀ % ၂၀ %
၃ နှစ် နှင့် အထက် ၄၀ % ၂၅ %
မှတ်ချက်။ (သက်တမ်းစေ့ရောက်သည့်နေ့မှ (၃၀)ရက်အတွင်း ငွေသွင်းမှသာခံစားခွင့် ရှိပါသည်။)
တစ်နှစ်အတွင်းတောင်းခံငွေ ၂ကြိမ်နှင့်အထက်ရှိသော ယာဉ်အာမခံ ဆက်လက်ထားမည်ဆိုပါက ကျသင့်ပရီမီယံ ၏ ၁၅ % ထပ်ဆောင်းပေးရပါသည်။