Farmer Life Insurance Product Information
တောင်သူလယ်သမားအသက်အာမခံ
အာမခံအမျိုးအစား
တစ်ဦးချင်းထားရှိနိုင်မည့်နှစ်ချင်း (Term Life Assurance) အသက်အာမခံအမျိုးအစား ဖြစ်ပါသည်။
အာမခံထားနိုင်သူများ
တောင်သူလယ်သမားများ၊ ၎င်းတို့၏မိသားစုများ၊ ဆွေမျိုးတော်စပ်သူများ၊ လယ်ယာလုပ်ငန်းလုပ်ကိုင်သူများ နှင့်အခြားသူများပါ အာမခံထားနိုင်ပါသည်။
အာမခံထားနိုင်သူ၏အသက်ကန့်သတ်ချက်
- အာမခံထားသူသည်အသက် (၁၆) နှစ်မှ (၆၀) နှစ်အတွင်းရှိရပါမည်။
- အသက် (၁၆) နှစ် မှ (၁၈) နှစ်အထိ မိဘ၊အုပ်ထိန်းသူကအာမခံထားရှိပေးနိုင်ပါသည်။
အာမခံသက်တမ်း
အာမခံသက်တမ်းမှာ (၁) နှစ်ဖြစ်သည်။ နှစ်စဉ်ဆက်လက်ထားရှိနိုင်ပါသည်။
အာမခံထားငေွ
အနည်းဆုံးကျပ် (၁) သိန်း မှ စတင်ထားရှိနိုင်ပြီးအများဆုံး ကျပ် (၅၀)သိန်း အထိထားရှိနိုင်ပါသည်။
ပရီမီယံနှုန်း/အာမခံကြေး
ပရီမီယံနှုန်းမှာအာမခံထားငွေ၏ (၁%) ဖြစ်ပါသည်။
အာမခံထားသူရရှိမည့်အကျိုးခံစားခွင့်များ
- အာမခံထားသူသေဆုံးလျှင်အာမခံထားငွေအတိုင်းရရှိမည့်ငွေပမာဏကိုတစ်လုံးတည်းအကျိုးခံစားခွင့်ရှိသူမှရခွင့်ရှိခြင်း။
- ထာဝစဉ်မသန်စွမ်းဖြစ်လျှင်အာမခံထားငွေအတိုင်းရရှိမည့်ငွေပမာဏကိုတစ်လုံးတည်းရခွင့်ရှိခြင်း။
- အာမခံထားသူမတော်တဆထိုခိုက်မှုကြောင့်ဒဏ်ရာရလျှင်ဆရာဝန်၏ ထောက်ခံချက်အပေါ်အခြေခံ၍ သတ်မှတ်ထားသည့် အကျိုးခံစားခွင့်နှုန်းထားအတိုင်းရခွင့်ရှိခြင်း။
- မတော်တဆထိခိုက်ဒဏ်ရာရရှိခြင်းကြောင့် ကျန်းမာရေးဝန်ကြီးဌာနမှအသိအမှတ်ပြုထားသော ဆေးရုံ၊ ဆေးခန်းတွင် တက်ရောက်ကုသပါက အနည်းဆုံးအာမခံထားငွေကျပ် (၁)သိန်း အတွက် (၁) ရက်လျှင်ကျပ်၂၀ဝဝ/-နှုန်း နှင့် အများဆုံး အာမခံထားငွေကျပ် (၅၀)သိန်း အတွက် (၁) ရက်လျှင် ကျပ်၁၀ဝဝဝ၀/-နှုန်း ဖြင့်အာမခံသက်တမ်းအတွင်း တစ်ကြိမ်လျှင် အများဆုံး (၅) ရက် နှင့် (၃) ကြိမ်အထိတက်ရောက်ကုသခြင်းစရိတ်ခံစားခွင့်ရှိခြင်း။