မီးအာမခံ

 

"အောင်သစ္စာဦးအာမခံကုမ္ပဏီလီမိတက်မှ ၂၄ နာရီ ဝန်ဆောင်မှု ပေးလျက်ရှိပါသည်"

Fire Insurance Product Information

မီးအာမခံ

ရည်ရွယ်ချက် 

မီးလောင်ဆုံးရှုံးမှုအတွက် ပြန်လည်ထူထောင်ရာတွင် ငွေကြေးအထောက်အကူရရှိစေရန်ဖြစ်ပါသည်။

 

မီးအာမခံထားနိုင်သည့်အရာ  

- အဆောက်အဦး        

- ပရိဘောဂ    

- စက်ပစ္စည်း (အီလက်ထရောနစ်ပစ္စည်းအပါအဝင်)

- ကုန်ပစ္စည်းများကိုထားရှိနိုင်ပါသည်။

 

အာမခံထားငွေ       

အဆောက်အဦးများမီးအာမခံထားရှိရာတွင်အဆောက်အဦးအတန်းအစားနှင့်အဆောက်အဦးသက်တမ်းအရကြမ်းခင်းဧရိယာ၁ယူနစ်ခန့်မှန်းတန်ဘိုး (PAE) ၏ကန့်သတ်ချက်ဘောင်ဝင်မှုရှိပြီး ကာလပေါက်ဈေးထက်မပိုသောတန်ဘိုးဖြင့်ထားရှိနိုင်ပါသည်။ ပရိဘောဂ၊စက်ပစ္စည်း၊ အီလက်ထရောနစ်ပစ္စည်းနှင့်ကုန်ပစ္စည်းများကာလပေါက်ဈေး ဖြင့်ထားရှိနိုင်ပါသည်။

 

အာမခံသက်တမ်း

၁၀ ရက်မှ ၁ နှစ်အထိထားရှိနိုင်ပါသည်။

 

ပရီမီယံ

အဆောက်အဦးအတန်းအစားနှင့်အဆောက်အဦးအသုံးပြုပုံကို အခြေခံ၍ပရီမီယံနှုန်း(%)  သတ်မှတ်ဇယားရှိပါသည်။ နှုန်းပိုမြင့်သောအဆောက်အဦးများပတ်ဝန်းကျင် ပေ(၂၅-၅၀)တွင်ရှိပါကအမြင့်ဆုံးနှုန်းဖြင့်ပျမ်းမျှတွက်ချက်ပါသည်။

 

မီးအာမခံအကာအကွယ်

- ကူးစက်မီး     

- ပေါ့ဆမီး      

- ဝါယာရှော့    

- အိမ်သုံးဓါတ်ငွေ့အိုးပေါက်ကွဲမီးနှင့်      

- မိုးကြိုးပစ်ခံရခြင်းများအတွက်အာမခံအကာအကွယ်အကျုံးဝင်ပါသည်။

 

အကျုံးမဝင်အချက်များ

- တောမီးများလောင်ကျွမ်းခြင်းမှ ပေါ်ပေါက်သောဆုံးရှုံးပျက်စီးမှု    

- မြေငလျင်လှုပ်ခြင်း၊ လေပြင်းမုန်တိုင်းအမျိုးမျိုးနှင့်သဘာဝဘေးအန္တရာယ်များ       

- ပြည်တွင်းစစ်၊လူထုအုံကြွခြင်း၊ ဆူပူသောင်းကျန်းခြင်း၊ အဓိကရုဏ်းဖြစ်ခြင်း         

- ပေါက်ကွဲခြင်းကြောင့်ဖြစ်ပေါ်သောဆုံးရှုံးပျက်စီးမှု

- ပစ္စည်း၏သဘာဝအရအလိုအလျောက်မီးတောက်လောင်ခြင်း     

- မီးလောင်ပြီးနောက်ခိုးယူပျောက်ဆုံးခြင်း

 

မီးအာမခံနှင့်တွဲဖက်ရယူနိုင်သော အပိုအကာအကွယ်နှင့် နှုန်းများ

အပိုပရီမီယံနှုန်း

သပိတ်၊အဓိကရုဏ်းနှင့်မသမာဖျက်စီးမှု                           ဝ.၀၆%

လေယာဉ်ဖြင့်ထိခိုက်ပျက်စီးခြင်း                                     ဝ.၁၀%

ကုန်းလမ်းသွားယာဉ်ဖြင့်ထိခိုက်ပျက်စီးခြင်း                      ဝ.၁၀%

မြေကျွံ၊ မြေပြိုခြင်း                                                      ဝ.၁၀%

လေမုန်တိုင်းအမျိုးမျိုး                                                  ဝ.၂၀%

ရေကြီးခြင်း၊ ရေလျှံခြင်း                                               ဝ.၁၀%

မြေငလျင်မီးနှင့်ပြိုအက်ပျက်စီးခြင်း                               ဝ.၁၀%

ပေါက်ကွဲပျက်စီးခြင်း                                                  ဝ.၁၀%

အလိုအလျောက်တောက်လောင်ခြင်း                             ဝ.၀၈%

ဖောက်ထွင်းမှု                                                             ဝ.၂၅% မှ ၁.၀၀%

စစ်ဘေးအန္တရာယ်                                                       ဝ.၁၀%

 

လျော်ကြေးမဲ့ဆုကြေး (No Claim Bonus)

အာမခံသက်တမ်း (၁) နှစ်အတွင်း လျော်ကြေးတောင်းခံမှု မရှိခဲ့ပါက ဆက်ထားသော (၁) နှစ် ပရီမီယံပေးသွင်းရာတွင် လျော်ကြေးမဲ့ဆုအနေဖြင့်  ၂၅% လျှော့ပေါ့ပါသည်။ အာမခံသက်တမ်း ကုန်ဆုံးသည့်နေ့မှ ရက် ၃၀ အတွင်း သက်တမ်းတိုးပရီမီယံပေးသွင်းမှသာဤဆုကြေးအကျုံးဝင်ပါသည်။ 

လျော်ကြေးတောင်းခံခြင်း

မီး သို့မဟုတ် မိမိရယူထားသည့် အပိုအန္တရာယ်ဆိုင်ရာ ဆုံးရှုံးမှုတစ်စုံတစ်ရာ ပေါ်ပေါက်လျှင် ဤကုမ္ပဏီ၏ စစ်ဆေးရေးအဖွဲ့က အမြန်ဆုံးလာရောက် မျက်မြင်စစ်ဆေးမှတ်တမ်းတင်ခြင်း လိုအပ်သလို ဓါတ်ပုံ^ဗီဒီယိုမှတ်တမ်းများရယူခြင်းတို့ကို ပြုလုပ်နိုင်ပါရန် အမြန်ဆုံးအကြောင်းကြားရပါမည်။ ကနဦး ဖုန်းသတင်းပေးပို့ပြီး ဆက်လက်၍ ဖက်စ်^စာဖြင့်လည်း အကြောင်းကြားရပါမည်။ 

 

Fire Insurance Terms and Conditions

Fire Insurance Claim Procedure

 

၁။ Claim ပေါ်ပေါက်ပါက Company ၏ Hot Line (09-450450561, 09-450450562, 09-450450563) နှင့် သက်ဆိုင်ရာ Agent ထံသို့ဆက်သွယ်၍ အကြောင်းကြားရန်။

၂။ Company ၏ လမ်းညွန်ချက်အတိုင်း ဆောင်ရွက်ရန်။

 

Claim ဖြစ်ပေါ်ပါက (၂၄) နာရီ ဝန်ဆောင်မှုပေးပါသည်။

 

 

မီးအာမခံနှင့် ပတ်သက်သော တွက်ချက်မှုကို သိရှိလိုပါက ဒီနေရာတွင် နှိပ်ပါ။

Fire Insurance FAQs

Fire Insurance