Overseas Marine Cargo Insurance Product Information
ပြည်ပရေကြောင်းပို့ကုန်အာမခံ
ရည်ရွယ်ချက်
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ကုန်ပစ္စည်းများ တင်ပို့ရောင်းချရာတွင် နိုင်ငံတကာအဆင့်မီ ရေကြောင်း ကုန်ပစ္စည်းအာမခံ အကာအကွယ်များ ဆောင်ရွက်ပေးနိုင်ရန်နှင့်နိုင်ငံခြားငွေနိုင်ငံခြားသို့ ယိုဖိတ်မှု သက်သာစေရန်။
အာမခံထားနိုင်သူ
- ကုန်ပစ္စည်းပိုင်ရှင်များ - ပိုင်ရှင်၏ တရားဝင်ကိုယ်စားလှယ်များ
အာမခံထားနိုင်သည့်ကုန်ပစ္စည်း
ပြည်ပနိုင်ငံများသို့ နိုင်ငံတော်မှ တရားဝင်တင်ပို့ရောင်းချခွင့်ပြုထားသည့် ကုန်ပစ္စည်းများ
အာမခံထားငေွ
- ကုန်ပစ္စည်းတန်ဖိုးကို ကျပ်ငွေဖြင့် လည်းကောင်း၊
- နိုင်ငံခြားငွေဖြင့်လည်းကောင်း ထားခွင့်ရှိသည်။
အာမခံသက်တမ်း
ခရီးစဉ်အစမှ ခရီးစဉ်အဆုံး(Transhipment) ရှိလျှင် ဖော်ပြပေးရန်။
အာမခံအကာအကွယ်
- ၂၀ဝ၉ ICC(Clause)A,B,C ကိုသာသုံး၍ အာမခံထားသူမှ ကြိုက်နှစ်သက်ရာအကာအကွယ်ကို ရွေးချယ်ဝယ်ယူခွင့်ပြုရန်။
- တစ်ဆင့်အာမခံလက်ခံမည့်ကုမ္ပဏီနှင့် ညှိနှိုင်းသဘောတူထားသည့်အတိုင်း ရောင်းချရန်။
အပိုအကာအကွယ်
အာမခံထားရန် အဆိုပြုသူမှ ဝယ်ယူမည့် အပိုအကာအကွယ်များကို အဆိုလွှာတွင် ဖော်ပြ ပေးရန်။ ပရီမီယံနှုန်းထားသတ်မှတ်ခြင်း။
စဉ် | ရေကြောင်း / လေကြောင်းပြည်ပပို့ကုန်သွင်းကုန်များ | ပရီမီယံနှုန်း | မှတ်ချက် |
၁။ | အထွေထွေကုန်ပစ္စည်းများ | ဝ.၅၆% | |
On Deck | ........... | ||
Transshipment | ဝ.၂၈% | ||
Via | ဝ.၁၄% | ||
Suez | ဝ.၀၃၇၅% | ||
War Zone & Surchange | ဝ.၀၅% | ||
၂။ | ကွဲရှလွယ်သောပစ္စည်း | ဝ.၈% | |
၃။ | ဓါတ်မြေသြဇာ (အမှုန့်) | ဝ.၈% | |
၄။ | ဓါတ်မြေသြဇာ (အရည်) | ဝ.၅၆% | |
၅။ | ဘိလပ်မြေ | ဝ.၅၆% |
၉. မူလအာမခံလက်ခံသည့် ကုမ္ပဏီအနေဖြင့် တစ်ဆင့်အာမခံလက်ခံမည့်ကုမ္ပဏီနှင့် ညှိနှိုင်းထားသည့် ပရီမီယံနှုန်းထားများအတိုင်း လက်ခံဆောင်ရွက်ခွင့်ရှိသည်။