Fidelity Insurance Product Information
သမာဓိအာမခံ
ရည်ရွယ်ချက်
နိုင်ငံပိုင်လုပ်ငန်းများ၊ သမဝါယမပိုင်လုပ်ငန်းများ နှင့် ပုဂ္ဂလိကလုပ်ငန်းများတွင် ငွေကြေးကို တာဝန်ယူထိန်းသိမ်းရန် တာဝန် ပေးအပ်ခြင်းခံရသူကြောင့် ငွေကြေးပျောက်ဆုံးခြင်း၊ အလွဲသုံးစားပြုခံရခြင်းများဖြစ်ပွားသည့်အခါ အဖွဲ့အစည်းများတွင် နစ်နာဆုံးရှုံးရပါသည်။ အဆိုပါနစ်နာဆုံးရှုံးမှုကို ရင်းစားပြန်လည်ရရန်အတွက် သမာဓိအာမခံကို ထားရှိ နိုင်ပါသည်။
အာမခံထားသူ
လုပ်ငန်းပိုင်ရှင်များထားနိုင်ပါသည်။
အာမခံထားမည့်အကြောင်းအရာ
ငွေကြေးတာဝန်ယူသူ၏သမာဓိကိုအာမခံထားခြင်းဖြစ်ပါသည်။
အာမခံသက်တမ်း
၁ နှစ်ထားရှိရပါမည်။
အာမခံထားငွေ
ငွေကြေးကိုင်ဆောင်သူတာဝန်ယူကိုင်ဆောင်ထားသည့်ငွေပမာဏကိုထားရှိနိုင်ပါသည်။
ရရှိမည့်အကာအကွယ်
ငွေကြေးကိုင်ဆောင်သူ၏ပျက်ကွက်မှု၊ ပေါ့လျော့မှု၊ လစ်ဟင်းမှု၊ လိမ်လည်ကောက်ကျစ်မှု၊ အကျင့်သိက္ခာပျက်ပြားမှု၊ မရိုးသားမှု တို့ကြောင့် လုပ်ငန်းပိုင်ရှင်များ၏ ငွေကြေးဆုံးရှုံးမှုကိုအကာအကွယ်ပေးပါသည်။
ပရီမီယံနှုန်း
အာမခံထားငွေအပေါ်အနည်းဆုံး ၁% မှ အများဆုံး ၂% ဖြစ်ပါသည်။