Health Insurance Product Information
ကျန်းမာရေးအာမခံ
အာမခံထားနိုင်သူ
- ကျန်းမာရေးအာမခံကို အသက်(၆)နှစ်မှ (၇၅)နှစ်အထိ အသက်အုပ်စုခွဲခြား၍ ထားရှိနိုင်ပါ သည်။
- အသက်(၆)နှစ်မှ (၁၈)နှစ်အထိအတွက် မိဘ/အုပ်ထိန်းသူမှ ထားရှိပေးနိုင်ပါသည်။
အကျိုးခံစားခွင့်ရှိသူ
- အသက်(၆)နှစ်မှ (၁၈)နှစ်အထိအတွက် မိဘ/အုပ်ထိန်းသူ၊ အသက်(၁၉)နှစ်နှင့်အထက် အတွက် အာမခံထားသူကိုယ်တိုင်ကသော်လည်းကောင်း၊ အာမခံထားသူသေဆုံးပါက သေဆုံးမှုအာမခံအကျိုးခံစားခွင့် လွှဲပြောင်းပေးအပ်ခြင်းခံရသူကသော်လည်းကောင်း တောင်းခံနိုင်ပါသည်။
အာမခံအကာအကွယ်
အကျုံးဝင်သည့်အာမခံအကာအကွယ်များ-
စဉ် | အာမခံအကာအကွယ် | အကျိုးခံစားခွင့်ရရှိနိုင်မှု | ဝယ်ယူနိုင်သည့်ယူနစ်အရေအတွက် |
၁။ | အခြေခံအာမခံ အကာအကွယ် |
- ရောဂါကြောင့်ဆေးရုံတက်ခြင်း - မတော်တဆကြောင့်ဆေးရုံတက်ခြင်း - သေဆုံးခြင်း |
၁ ယူနစ်မှ ၁၀ ယူနစ်အထိ |
၂။ | ရွေးချယ်နိုင်သည့် အကာအကွယ် (၂) |
- ခွဲစိတ်ကုသခြင်း - ကိုယ်ဝန်ပျက်ကျခြင်း |
၁ ယူနစ်မှ ၁၀ ယူနစ်အထိ |
၃။ | ရွေးချယ်နိုင်သည့် အကာအကွယ် (၃) | - ဆေးရုံ / ဆေးခန်းပြသခြင်း |
၁ ယူနစ်မှ ၁၀ ယူနစ်အထိ |
- အခြေခံအာမခံအကာအကွယ်နှင့် ရွေးချယ်နိုင်သည့် အာမခံအကာအကွယ်(၁) (၂) တို့ကို တွဲဖက်၍ ဝယ်ယူနိုင်ပါသည်။
- ရွေးချယ်နိုင်သည့်အာမခံအကာအကွယ်များကို သီးခြားမရောင်းပါ။
- ရွေးချယ်နိုင်သည့်အာမခံအကာအကွယ်များကို မိမိဝယ်ယူထားသည့် အခြေခံအာမခံအကာ အကွယ်ယူနစ်အထိ ဝယ်ယူနိုင်သည်။
အာမခံသက်တမ်း
ပရီမီယံပေးသွင်းသည့်နေ့မှစ၍ (၁)နှစ်
ပရီမီယံနှုန်းထား
အခြေခံအာမခံအကာအကွယ်နှင့် ရွေးချယ်နိုင်သည့်အာမခံအကာအကွယ်များအတွက် ကျသင့် ပရီမီယံနှုန်းထားများ-
တစ်ဦးချင်းအတွက် | အသင်းအဖွဲ့အတွက် | |||||||
အသက် | ၆လတစ်ကြိမ်ပေး | တစ်လုံးတည်းပေး | လစဉ်ပေး | ၃လတစ်ကြိမ်ပေး | ၆လတစ်ကြိမ်ပေး | တစ်လုံးတည်းပေး | ||
အခြေခံအာမခံအကာအကွယ် (၁)ယူနစ် |
ကျား^မ | ၆-၃၀ | ၅ç၆၀၀ | ၁၁ç၀၀၀ | ၁ç၀၀၀ | ၂ç၈၀၀ | ၅ç၃၀၀ | ၁၀ç၅၀၀ |
၃၁-၄၀ | ၇ç၃၀၀ | ၁၄ç၃၀၀ | ၁ç၂၀၀ | ၃ç၆၀၀ | ၆ç၉၀၀ | ၁၃ç၆၀၀ | ||
၄၁-၅၀ | ၉ç၀၀၀ | ၁၇ç၆၀၀ | ၁ç၅၀၀ | ၄ç၄၀၀ | ၈ç၆၀၀ | ၁၆ç၇၀၀ | ||
၅၁-၆၀ | ၁၄ç၆၀၀ | ၂၈ç၆၀၀ | ၂ç၅၀၀ | ၇ç၁၀၀ | ၁၃ç၉၀၀ | ၂၇ç၂၀၀ | ||
၆၁-၇၅ | ၃၁ç၄၀၀ | ၆၁ç၆၀၀ | ၅ç၃၀၀ | ၁၅ç၄၀၀ | ၂၉ç၈၀၀ | ၅၈ç၅၀၀ | ||
ရွေးချယ်နိုင်သည့်အာမခံအကာအကွယ်(၁)(၁ယူနစ်) | ကျား^မ | ၆-၇၅ | ၈ç၄၀၀ | ၁၆ç၅၀၀ | ၁ç၄၀၀ | ၄ç၂၀၀ | ၈ç၀၀၀ | ၁၅ç၇၀၀ |
ရွေးချယ်နိုင်သည့်အာမခံအကာအကွယ်(၁)(၁ယူနစ်) | ကျား^မ | ၆-၇၅ | ၄ç၅၀၀ | ၈ç၈၀၀ | ၈၀၀ | ၂ç၂၀၀ | ၄ç၃၀၀ | ၈ç၄၀၀ |