Our Company

အောင်သစ္စာဦးအာမခံကုမ္ပဏီလီမိတက်

(Aung Thitsa Oo Insurance Co.,Ltd.)

၁။       အောင်သစ္စာဦးအာမခံကုမ္ပဏီလီမိတက်သည် ၂၀၁၃ ခုနှစ် ၊ ဇန်နဝါရီလ ( ၃ ) ရက် နေ့တွင် ကုမ္ပဏီ မှတ်ပုံတင်ပြီး  ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ ပေးရန်တာဝန် ကန့်သတ်ထားသည့်   အများနှင့် မသက်ဆိုင်သော ပုဂ္ဂလိကအာမခံကုမ္ပဏီ ဖြစ်ပါသည်။ အသက်အာမခံ(Life Insurance) နှင့် အထွေထွေအာမခံလုပ်ငန်း (General Insurance) နှစ်ရပ်လုံးလုပ်ကိုင်ဆောင်ရွက်သော အာမခံကုမ္ပဏီ အမျိုးအစား (Composite Insurance Company) ဖြစ်ပါသည်။

၂။       အောင်သစ္စာဦးအာမခံကုမ္ပဏီလီမိတက်သည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှထုတ်ပေးသော လုပ်ငန်းလိုင်စင်ကို ၂၀၁၃ ခုနှစ်၊ မေလ (၂၅) ရက်နေ့တွင်ရရှိခဲ့ပြီး မေလ (၂၈) ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပါသည်။

 ၃။      အောင်သစ္စာဦးအာမခံကုမ္ပဏီလီမိတက်သည် မြန်မာကျပ်ငွေဖြင့်လည်းကောင်း နိုင်ငံခြားငွေ (အမေရိကန် ဒေါ်လာ) ဖြင့်လည်းကောင်း အာမခံလုပ်ငန်းများ လက်ခံဆောင်ရွက်လျက်ရှိပါသည်။

၄။       “ဆုံးရှုံးမှုအန္တရာယ်ဘေး မျှဝေခံစားပေးမှာ အောင်သစ္စာဦးအာမခံပါ” ဟူသော ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်နှင့်ပြည်သူတို့၏ အကျိုးစီးပွားကို အာမခံအကာအကွယ်ဖြင့် တစ်ဖက်တစ်လမ်းမှ စောင့်ရှောက်လျက်ရှိ ပါသည်။

၅။       အောင်သစ္စာဦးအာမခံကုမ္ပဏီလီမိတက်၏ ရည်ရွယ်ချက်မှာ -

(က)    နိုင်ငံတော်၊ နိုင်ငံသားနှင့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းရှင်များ အကျိုးစီးပွား ကို အာမခံအကာအကွယ်ဖြင့် စောင့်ရှောက်ရန်။

(ခ)     နိုင်ငံတော်၊ နိုင်ငံသားနှင့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းရှင်များ ယုံကြည်အားထားရသော အာမခံအဖွဲ့ အစည်းဖြစ်ရန်။

(ဂ)     အာမခံပညာနှင့် အာမခံလုပ်ငန်းရှင်သန်တိုးတက် ထွန်းကားရေး အတွက် ပံ့ပိုးဆောင်ရွက်ရန်။

 

 

မတည်ရင်းနှီးငွေ (Paid-up Capital)

၆။       အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ ပုဒ်မရ(ခ) အရ သတ်မှတ်ထားသော ထည့်ဝင်ပြီးမတည်ရင်းနှီးငွေ (Paid-up Capital) မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)  ကျပ်သန်း (၄၆) ဘီလီယံ

            (ခ)   အမေရိကန်ဒေါ်လာ (၅)သိန်း

 

ရုံးချုပ်တည်နေရာ

၇။       အောင်သစ္စာဦးအာမခံကုမ္ပဏီလီမိတက်ရုံးချုပ်သည် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ ယူအက်ဖ်စီ အဆောက်အဦ (Union Financial Centre, UFC) ၊ မြေညီထပ်၊ အခန်း(၀၁-၀၄) တွင် တည်ရှိပါသည်။

(ဆက်သွယ်ရန်ဖုန်းနံပါတ်မှာ ၀၁-၈၆၁၀၃၄၂ နှင့် ၀၁-၈၆၁၀၃၄၅ ဖြစ်ပြီး Fax နံပါတ်မှာ ၀၁-၈၆၁၀၃၄၃ နှင့် ၀၁-၈၆၁၀၃၄၄ တို့ဖြစ်ပါသည်။ Hotline No: ၀၉-၄၅၀၄၅၀၅၆၁၊ ၀၉-၄၅၀၄၅၀၅၆၂၊ ၀၉-၄၅၀၄၅၀၅၆၃ ဖြစ်ပါသည်။)

၈။       အောင်သစ္စာဦးအာမခံကုမ္ပဏီလီမိတက် (မန္တလေးရုံးခွဲ)သည် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ်၊ ၃၄ လမ်း၊ လမ်း၈၀ နှင့် ၈၁ လမ်း အကြား၊ အမှတ် (၁၃၆)တွင် တည်ရှိပါသည်။ (ဆက်သွယ်ရန် ဖုန်းနံပါတ်မှာ ၀၂-၆၉၀၄၇၊ ၀၂-၆၉၀၄၈ နှင့် Fax နံပါတ်မှာ ၀၂-၂၃၃၈၅ ဖြစ်ပါသည်။)

၉။       မကွေးရုံးခွဲသည် မကွေးမြို့၊ အမှတ်(၃၀၉)၊ အဝေယျာလမ်း၊ ရန်မျိုးနိုင် ရပ်ကွက်တွင် တည်ရှိပါသည်။( ဆက်သွယ်ရန်ဖုန်းနံပါတ်မှာ ၀၆၃-၂၈၇၃၁ နှင့် Fax နံပါတ်မှာ ၀၆၃-၂၈၇၃၂ ဖြစ်ပါသည်။)

 

 

ဆောင်ရွက်သည့်အာမခံလုပ်ငန်းအမျိုးအစားများ

၁၀။     အောင်သစ္စာဦးအာမခံကုမ္ပဏီလီမိတက် ဆောင်ရွက်ခွင့်ရှိသော အာမခံလုပ်ငန်း အမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

          (က)    အသက်အာမခံ(Life Insurance)

                   (၁)     ပြည်သူပြည်သားအသက်အာမခံ (Public Life Insurance)

                   (၂)     စုပေါင်းအသက်အာမခံ (Group Life Insurance)

                   (၃)     မြွေအန္တရာယ်အသက်အာမခံ (Snake Bite Life Insurance)

                   (၄)       အားကစားသမားအသက်အာမခံ     (Sportsman Life Insurance)

                   (၅)     တောင်သူလယ်သမားအာမခံ (Farmer Life Insurance)

                   (၆)     နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ (Short Term Life Insurance)

          (ခ)     အထွေထွေအာမခံ  (General Insurance)

                    (၁)     မီးအာမခံ (Fire Insurance)

                   (၂)     အလုံးစုံမော်တော်ယာဉ်အာမခံ (Comprehensive Motor Insurance)

                   (၃)     ငွေပို့ငွေသယ်အာမခံ (Cash in Transit Insurance)

                   (၄)     ငွေသားလုံခြုံမှုအာမခံ (Cash in Safe Insurance)

                   (၅)     သမာဓိအာမခံ (Fidelity Insurance)

                   (၆)     အထူးခရီးသွားအာမခံ (Travel Insurance)

                   (၇)     ကျန်းမာရေးအာမခံ (Health Insurance)

                   (၈)     ရေကြောင်းကုန်ပစ္စည်းအာမခံ(Marine Cargo Insurance)

                   (၉)     ကိုယ်အင်္ဂါထိခိုက်မှုအာမခံ (Personal Accident Insurance)

                   (၁၀)    ရေယာဉ်ကိုယ်ထည်အာမခံ (Marine Hull Insurance)

                   (၁၁)    ခရီးသွားအာမခံ (Travel Insurance)

                   (၁၂)    ပြည်ပရေကြောင်းပို့ကုန်အာမခံ (Overseas Marine Cargo Insurance)

                   (၁၃)    လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံ (Micro Health Insurance)

                   (၁၄)    ပြင်းထန်သောရောဂါကုသမှုအာမခံ (Critical Illness Insurance)